နှလုံးခုန်နှုန်း

ငြိမ်နေချိန် နှလုံးခုန်နှုန်း

အမြင့်ဆုံး နှလုံးခုန်နှုန်း

နှလုန်းခုန်နှုန်းပုံမှန်ပြန်ဖြစ်ခြင်း

လမ်းလျှောက်နေချိန် နှလုံးခုန်နှုန်း

လက်တစ်အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့် နှလုံးခုန်နှုန်း

နှလုံးခုန်နှုန်းဇုန်

အမြင့်ဆုံး နှလုံးခုန်နှုန်း၏ ရာခိုင်နှုန်း

အမြင့်ဆုံး နှလုံးခုန်နှုန်း၏ ရာခိုင်နှုန်း

နှလုံးခုန်နှုန်းဇုန်ဖော်ပြချက်
<၅၀%
လေ့ကျင့်ခန်းမဟုတ်သောဇုန်
ပုံမှန်အားဖြင့် အနားယူနေသည့်အချိန် သို့မဟုတ် လှုပ်ရှားမှုအနည်းငယ်သာရှိသော အခြေအနေမျိုးဖြစ်သည်။ ဤဇုန်တွင် လေ့ကျင့်ခန်း၏ ရည်မှန်းချက်ပန်းတိုင်များကို ထူးခြားစွာ ရရှိနိုင်ခြင်း မရှိပါ။
သွေးပူလေ့ကျင့်ခန်း
၅၀%–၅၉%
လေ့ကျင့်ခန်းမလုပ်မီ ပြုလုပ်သော အခြေခံသွေးပူလေ့ကျင့်ခန်းများအတွက် အကောင်းဆုံးဖြစ်သည်။
အဆီ လောင်ကျွမ်းခြင်း
၆၀%–၆၉%
အဆီများကို အနည်းငယ်လောင်ကျွမ်းစေရန်နှင့် သင်၏ ယေဘုယျကြံ့ခိုင်မှုအဆင့်ကို မြှင့်တင်ရန်အတွက် အကောင်းဆုံးဖြစ်သည်။
ကိုယ်လက်လှုပ်ရှားခြင်းကို ခံနိုင်ရည်ရှိမှု
၇၀%–၇၉%
ထိရောက်စွာ အဆီချရန်နှင့် သင့်ကြံ့ခိုင်မှုအဆင့်နှင့် အဆုတ်စွမ်းဆောင်ရည်ကို တိုးတက်အောင်လုပ်ရန် အကောင်းဆုံးဖြစ်သည်။
အောက်ဆီဂျင်မဲ့ခြင်းကို ခံနိုင်ရည်ရှိမှု
၈၀%–၈၉%
အရှိန်အဟုန်ပြင်းသော လေ့ကျင့်ခန်းနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံနိုင်ရည်ရှိစေရန် လေ့ကျင့်ခန်းများအတွက် အကောင်းဆုံးဖြစ်သော်လည်း၊ ကြာချိန်ကို အတော်အတန် တိုတောင်းစွာသာ ထားရှိရန် အကြံပြုလိုပါသည်။
ထူးကဲ
၉၀%–၁၀၀%
အရှိန်အဟုန်ပြင်းသော လေ့ကျင့်ခန်းများအတွက် အကောင်းဆုံးဖြစ်သည်။ ဤဇုန်တွင် အချိန်ကြာမြင့်စွာ လေ့ကျင့်ပါက ထိခိုက်ဒဏ်ရာရနိုင်သဖြင့် အချိန်ကို ကန့်သတ်ထားပါ။

နှလုံးခုန်နှုန်း ကွာခြားချက် ရာခိုင်နှုန်း

နှလုံးခုန်နှုန်း ကွာခြားချက် ရာခိုင်နှုန်း

နှလုံးခုန်နှုန်းဇုန်ဖော်ပြချက်
< ၅၉%
လေ့ကျင့်ခန်းမဟုတ်သောဇုန်
ပုံမှန်အားဖြင့် အနားယူနေသည့်အချိန် သို့မဟုတ် လှုပ်ရှားမှုအနည်းငယ်သာရှိသော အခြေအနေမျိုးဖြစ်သည်။ ဤဇုန်တွင် လေ့ကျင့်ခန်း၏ ရည်မှန်းချက်ပန်းတိုင်များကို ထူးခြားစွာ ရရှိနိုင်ခြင်း မရှိပါ။
အခြေခံ အေရိုးဗစ်
၅၉%–၇၃%
အခြေခံ အေရိုးဗစ်ဇုန်။ ဤဇုန်တွင် ပြေးခြင်းသည် ပင်ပန်းမှုမရှိဘဲ သဘာဝကျပြီး သာမန်အတိုင်း စကားပြောဆိုနိုင်ပါသည်။ ဤပြင်းထန်မှုအဆင့်တွင် လေ့ကျင့်ခြင်းသည် နှလုံးကြွက်သားများကို သန်မာစေပြီး ခန္ဓာကိုယ်၏ အောက်ဆီဂျင် ပို့ဆောင်နိုင်မှုနှင့် အသုံးပြုနိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးကာ ကိုယ်လက်လှုပ်ရှားခြင်းကို ခံနိုင်ရည်ရှိမှုကို တိုးတက်စေပါသည်။
အဆင့်မြင့် အေရိုးဗစ်
၇၃%–၈၃%
အဆင့်မြင့် အေရိုးဗစ်ဇုန်။ ဤဇုန်တွင် ပြေးခြင်းသည် အနည်းငယ် ပင်ပန်းမှုရှိသော်လည်း အသက်ရှူရခက်ခဲခြင်း မရှိဘဲ ပုံမှန်အရှိန်ဖြင့် အချိန်ကြာမြင့်စွာ ပြေးနိုင်ပါသည်။ ဤပြင်းထန်မှုအဆင့်တွင် လေ့ကျင့်ခြင်းသည် ကိုယ်လက်လှုပ်ရှားခြင်းကို ခံနိုင်ရည်ရှိမှုကို တိုးတက်စေပြီး မာရသွန်ပြိုင်ပွဲ၏ အရှိန်နှုန်းကို အတုယူ၍ ကျင့်သားရစေပါသည်။
လက်တစ်အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့်
၈၄%–၈၇%
၈၄% မှ ၈၇% အပိုင်းအခြားသည် အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့်ဇုန်ကို ပြသသည်။ ဤဇုန်တွင် ပြေးခြင်းသည် ပြင်းထန်ပြီး ပင်ပန်းသော်လည်း ဆက်လက်လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ အသက်ရှူသံမှာ အသံထွက်လာပြီး လက်တစ်အက်ဆစ် စုပုံလာခြင်းကြောင့် ကြွက်သားများတွင် နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရမည်ဖြစ်သည်။ ဤပြင်းထန်မှုအဆင့်တွင် လေ့ကျင့်ခြင်းသည် လက်တစ်အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့်ကို မြှင့်တင်ပေးပြီး၊ လက်တစ်အက်ဆစ်ကို ပြန်လည်ဖယ်ရှားနိုင်စွမ်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းကို ခံနိုင်ရည်ရှိမှုကို တိုးတက်စေပါသည်။
အခြေခံ အန်အေရိုးဗစ်
၈၈%–၉၄%
အခြေခံ အန်အေရိုးဗစ်ဇုန်။ ဤဇုန်တွင် ပြေးခြင်းသည် အလွန်ပြင်းထန်ပြီး အသက်ရှူရခက်ခဲကာ အသံထွက်၍ အသက်ရှူရသည်။ ပြေးပြီးဆုံးချိန်တွင် စကားပြောရန်ပင် အသက်ရှူမဝတော့သည်အထိ ဖြစ်စေသည်။ ဤလေ့ကျင့်ခန်းကို ပုံမှန်အားဖြင့် အပိုင်းလိုက်ခွဲ၍ လေ့ကျင့်သည့်နည်းလမ်းကို အသုံးပြု၍ ပြုလုပ်လေ့ရှိသည်။ ဤပြင်းအားဖြင့် လေ့ကျင့်ခြင်းသည် လက်တစ်အက်ဆစ်ကို ခံနိုင်ရည်ရှိစေပြီး အောက်ဆီဂျင်မဲ့ အားစိုက်ထုတ်နိုင်စွမ်းကို မြှင့်တင်ပေးသည်။
အဆင့်မြင့် အန်အေရိုးဗစ်
၉၅%–၁၀၀%
အဆင့်မြင့် အန်အေရိုးဗစ်ဇုန်။ ဤလေ့ကျင့်ခန်းဇုန်အတွင်း ပြေးခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်စေပြီး လေ့ကျင့်ခန်းအဆုံးထိ ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ဟု ခံစားရပါလိမ့်မည်။ ၎င်းကို များသောအားဖြင့် အလွန်မြန်ဆန်သော အရှိန်နှုန်း လိုအပ်သည့် ပြင်းအားမြင့် အပိုင်းလိုက် လေ့ကျင့်ခန်းများဖြင့် လေ့ကျင့်လေ့ရှိသည်။ ဤလေ့ကျင့်ခန်းသည် အောက်ဆီဂျင်မဲ့ အားစိုက်ထုတ်နိုင်စွမ်းနှင့် အမြန်နှုန်းကို တိုးတက်စေသည်။

လက်တစ်အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့် နှလုံးခုန်နှုန်း ရာခိုင်နှုန်း

လက်တစ်အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့် နှလုံးခုန်နှုန်း ရာခိုင်နှုန်း

နှလုံးခုန်နှုန်းဇုန်ဖော်ပြချက်
< ၆၆%
လေ့ကျင့်ခန်းမဟုတ်သောဇုန်
ပုံမှန်အားဖြင့် အနားယူနေသည့်အချိန် သို့မဟုတ် လှုပ်ရှားမှုအနည်းငယ်သာရှိသော အခြေအနေမျိုးဖြစ်သည်။ ဤဇုန်တွင် လေ့ကျင့်ခန်း၏ ရည်မှန်းချက်ပန်းတိုင်များကို ထူးခြားစွာ ရရှိနိုင်ခြင်း မရှိပါ။
သွေးပူလေ့ကျင့်ခန်း
၆၆%–၇၉%
ဤပြင်းအားဖြင့် ပြေးခြင်းသည် အားစိုက်ထုတ်မှု ပိုမိုမြင့်မားသော လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ကြွက်သားများ၏ လုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသည်။ ထို့အပြင် ကြာရှည်စွာ အနားယူထားပြီးနောက် လေ့ကျင့်ခန်းသို့ ပြန်လည်အသားကျစေရန်အတွက်လည်း သင့်လျော်ပါသည်။
အခြေခံ အေရိုးဗစ်
၈၀%–၈၈%
ဤပြင်းအားဖြင့် ပြေးခြင်းသည် အသက်ရှူခြင်း ပုံမှန်ရှိပြီး ပေါ့ပါးသွက်လက်သည်ဟု ခံစားရကာ အတော်အတန် ကြာရှည်စွာ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ဤပြင်းအားဖြင့် ပြေးခြင်းသည် ကြွက်သားများ၏ အောက်ဆီဂျင်သုံးစွဲနိုင်စွမ်းနှင့် နှလုံးလုပ်ဆောင်ချက်ကို တိုးတက်စေသည့်အပြင် ခန္ဓာကိုယ်၏ အေရိုးဗစ်ဇီဝဖြစ်စဉ်စွမ်းအားကိုလည်း မြှင့်တင်ပေးသည်။
အဆင့်မြင့် အေရိုးဗစ်
၈၉%–၉၆%
ဤပြင်းအားဖြင့် ပြေးခြင်းသည် အနည်းငယ် ပင်ပန်းသည်ဟု ခံစားရသည်။ အသက်ရှူခြင်း ပိုမိုပြင်းထန်လာသော်လည်း အသက်ရှူမဝသည့်အထိ မဟုတ်ဘဲ၊ ခန္ဓာကိုယ်အနေဖြင့် လျင်မြန်စွာ အသားကျပြီး တည်ငြိမ်သော ဇီဝကမ္မအခြေအနေသို့ ရောက်ရှိနိုင်သောကြောင့် ခရီးဝေးပြေး လေ့ကျင့်ခန်းအတွက် အလွန်သင့်လျော်သည်။
လက်တစ်အက်ဆစ်ထွက်ပေါ်ချိန် သတ်မှတ်အဆင့်
၉၇%–၁၀၂%
ဤပြင်းအားဖြင့် ပြေးခြင်းသည် ပင်ပန်းသော်လည်း ဆက်လက်လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ အသက်ရှူမြန်လာပြီး လက်တစ်အက်ဆစ်များ လျင်မြန်စွာ စတင်စုပုံလာသော်လည်း ခန္ဓာကိုယ်က အတွင်းပိုင်းပတ်ဝန်းကျင်ကို တည်ငြိမ်မျှတအောင် ထိန်းသိမ်းရန် အက်ဆစ်ဓာတ်များကို ဇီဝဖြစ်စဉ်အရ တစ်ပြိုင်နက်တည်း အရှိန်မြှင့်တင်ဖယ်ရှားပေးသည်။ ဤဇုန်အတွင်း လေ့ကျင့်ခြင်းသည် လက်တစ်အက်ဆစ်ကို ခံနိုင်ရည်ရှိစေပြီး ၎င်းအား ဖယ်ရှားနိုင်စွမ်းကို တိုးတက်စေသည်။
အန်အေရိုးဗစ် လေ့ကျင့်ခန်း
> ၁၀၂%
ဤပြင်းအားဖြင့် ပြေးခြင်းသည် အလွန်အမင်း မသက်မသာ ဖြစ်စေပြီး အသက်ရှူရ ခက်ခဲကာ ကြာရှည်စွာ ဆက်လက်မလုပ်ဆောင်နိုင်ပါ။ ၎င်းကို များသောအားဖြင့် အမြင့်ဆုံးအမြန်နှုန်းနှင့် အရှိန်မြှင့်ပြေးနိုင်စွမ်းကို တိုးတက်စေရန်အတွက် ပြင်းအားမြင့် အပိုင်းလိုက် ပြေးလေ့ကျင့်ခန်းများတွင် အသုံးပြုလေ့ရှိသည်။
အကြံပြုချက်